FAQ

Q: Hyper မှာဈေးဘယ်လိုဝယ်မလဲ?

A: Hyper Mobile App တွေကနေပြီးတော့ မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းအမျိုးအစားများကို ရွေးခြယ်ပြီး “Add to Bag” ထဲထည့်ပြီး အောက်ပါ အချက်အလက်လေးတွေပြည့်စုံအောင် ဖြည့်ပြီး မှာလို့ရပါပြီနော်။
လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်လေးတွေကတော့
1. နာမည်အပြည့်အစုံ
2. ဖုန်းနံပတ်
3. အိမ်အမှတ်/ အခန်းနံပတ်
4. လမ်းနာမည်
5. ရပ်ကွက်
6. မြို့နယ်
7. တိုင်းဒေသကြီး
စတာတွေပဲဖြစ်ပါတယ်နော်။
ဥပမာ။ ။ မောင်မောင် / 09-975550344/ အိမ်အမှတ် ၂၃/ အခန်းနံပတ် ၃၃/ ရန်ရှင်းလမ်း/ ၄ ရပ်ကွက်/ ရန်ကင်းမြို့နယ်/ ရန်ကုန်မြို့။


Q: Hyper ကနေအော်ဒါတင်ပြီးမှ မကြိုက်ဘူး/ မကောင်းဘူးဆိုရင်ဘယ်လိုလုပ်ပေးမလဲ?

A: မိမိဝယ်ယူထားသော ပစ္စည်းကို ကြိုက်နှစ်သက်မှု မရှိပါက ၁ ပတ်အတွင်း တန်ဖိုးတူ မည်သည့်ပစ္စည်းကိုမဆို ပြန်လည် လဲလှယ်ခွင့်ရှိပါတယ်နော်။ အလားတူပဲ လက်ခံရရှိထားတဲ့ Item လေးမှာ Error ပါတယ်ဆိုရင်လည်း ၁ ပတ်အတွင်း အကြောင်းကြားပေးရုံနဲ့ တန်ဖိုးတူ ပစ္စည်းလေးတွေနဲ့ ကြိုက်ရာ ပြန်လဲလှယ်ခွင့်ရှိပါတယ်နော်။ Hyper Team ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်ပြီး အော်ဒါနံပတ်လေးကိုပြောပြပြီး လဲလှယ်ချင်ကြောင်း အကြောင်းကြားပေးရုံပါပဲနော်။ မှတ်ချက်။ ။ ပစ္စည်းများသည် ပေးပို့လိုက်သည့် နဂိုမူလအခြေအနေအတိုင်း ဖြစ်ရပါမည်။ Original Receipt ပါရှိရပါမည်။


Q: Hyper ကရောင်းချတဲ့ပစ္စည်းတွေကို ဘယ်လိုအာမခံမှုပေးလဲ?

A: Hyper မှရောင်းချပေးတဲ့ပစ္စည်းတွေသည် ပါကင်ပိတ် အသစ်စက်စက်များဖြစ်ပြီး၊ Packaging Team မှ Quality Control သေချာပြုလုပ်စစ်ဆေးပြီးမှသာ ပို့ဆောင်ပေးမည်ဖြစ်ပါသောကြောင့် ယုံကြည်စိတ်ချစွာ အားပေးဖို့ အကြံပြုပါရစေ။ အကြောင်းကြောင်းကြောင့် Error ဖြစ်ပေါ်ခဲ့ပါကလည်း လက်ခံရရှိပြီး ၁ ပတ်အတွင်း Original Invoice နှင့် အတူ ဈေးနှုန်းတူ မည်သည့်ပစ္စည်းမဆို လဲလှယ်ခွင့်ရှိပါတယ်နော်။


Q: Hyper ကနေမှာရင်ဘယ်မြို့တွေကိုပို့ပေးလဲ? ဘယ်လောက်ကြာမှာလဲ? ပို့ခရောကောက်လား? ပိုက်ဆံရောဘယ်လိုရှင်းရမှာလဲ?

A: Hyper ကနေပစ္စည်းမှာရင် မြန်မာနိုင်ငံအနှံ့အပြားသို့ စာတိုက်ရှိရာ မြို့ ကြီး များအားလုံးသို့ပို့ဆောင်ပေးပါသည်။ ကြာချိန်မှာ အနီးအဝေးပေါ်မူတည်ပြီး ရုံးဖွင့်ရက် ၃ ရက်မှ ၁၀ ရက်အထိဖြစ်ပါသည်။ ပို့ခများကို မြို့နယ်အလိုက်ကောက်ခံမည်ဖြစ်ပြီး ယခု Link တွင်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ Payment Method အနေဖြင့် စာတိုက်ရှိရာမြို့ကြီးများအားလုံးသို့ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။